CSS ရေးနည်း CSSရေးနည်း-1CSSရေးနည်း-၂ HTMLရေးနည်း

လေလွင့်သူ

လေလွင့်သူ (မြသန်းတင့်)

မူရင်းစာအုပ်အမည်မှာ The Catcher inthe Rey ဖြစ်၍ မူရင်းစာရေးဆရာမှာ J.D.Slinger ဖြစ်သည်။ ခေတ်အဆက်ဆက် ဂန္တ၀င်စာအုပ်များစာရင်းတွင် ထည့်သွင်းဖော်ပြခြင်းခံရသော စာအုပ်တစ်အုပ်ဖြစ်သည်။


ဇာတ်လမ်းမှာစာမေးပွဲကျသဖြင့်စိတ်လေနေသော၊လောကကြီးကိုမကျေမနပ်ဖြစ်နေသော အသက် (၁၆)နှစ်အရွယ် ကောင်ကလေး တစ်ယောက်အိမ်မပြန်ရဲတော့ဘဲ နယူးရော့ မြို့ကြီးထဲတွင် ပါလာသမျှ ပိုက်ဆံကုန်အောင် လျှောက်သွားပြီး အိမ်မှထွက်ပြေးရန် ကြံစည်နေသည့် အကြောင်းဖြစ်သည်။ သူ၏ လောကကြီးကိုမကျေမနပ်ဖြစ်ပုံမှာ ခေတ် အဆက်ဆက်လူငယ်များ၏ လောကကြီး ကိုမကျေမနပ်ဖြစ်ပုံများကိုကိုယ်စားပြုနိုင်သည်ဟု ဆိုနိုင်သည်။လူငယ်တစ်ယောက်၏ ခံစားမှု၊ ပေါက်ကွဲမှု၊မကျေနပ်မှု၊ ဘ၀အမြင်ပြောင်းလဲမှု များကိုဤ ၀တ္ထုတွင် တွေ့နိုင်သည်ဟု ဆရာမြသန်းတင့်မှ အမှာစာတွင်ဆိုထားသည်။


ဤ၀တ္ထု၏ ထူးခြားချက်မှာကောင်လေးက သူ၏ ဇာတ်ကြောင်းကိုကိုယ်တိုင်ပြန်ပြောပြ နေဟန်ရေးဖွဲ့ထားသဖြင့် ၀တ္ထုထဲတွင် ထိုခေတ်ကလူငယ်များ သုံးနှုန်းလေ့ ရှိသည့် ဗန်းစကားအမြောက်အမြားကိုထည့်သွင်းရေးဖွဲ့ထားခြင်းဖြစ်သည်။


ဤ၀တ္ထုကိုနှစ်သက်သည့်သုံးသပ်သူတစ်ဦးက


“သည်ဝတ္ထုတွင်မပျော်ရွှင်သော ၁၆ နှစ်အရွယ်လူငယ်လေးတစ်ယောက်အကြောင်းရေးသားထားသည်။ သို့သော်သန်းပေါင်းများ စွာသော လူငယ်တွေသူနဲ့ထပ်တူ ခံစားရ သည်” ဟုသုံးသပ်ခဲ့သည်။


ဤ၀တ္ထုအကြောင်းကို ဆရာဖေမြင့်မှ သူ၏“စာအုပ်ကမ္ဘာ” စာအုပ်တွင် “ဂျေ၊ ဒီ၊ဆလင်းဂျား၏ The Catcher in theRey ၀တ္ထု” ဟူသောဆောင်းပါးတွင်အကျယ် ရေးသားညွှန်းဆိုပေးထားပါသည်။ရးသူ - မြသန်းတင့်

အမည် - လေလွင့်သူ

ဖိုင်ဆိုဒ် - 5.11 MB

>>> Download <<<




No comments:

Post a Comment