ဆြာတစ်ယောက် အခြေခံဘွဲ့ရထားသည်မှာ လပိုင်း
မျှသာ ရှိသေးသည်။ဆြာကိုဆြာ...ဘွဲ့လက်မှတ်တွင်
ကျန်းမာရေးသိပ္ပံဘွဲ့တည်းဟုသာ ထင်ခဲ့သည်။
ဆြာ အလုပ်လျှောက်တော့မှ ဘွဲ့လက်မှတ်ကို သေ
သေချာချာ ပြန်ကြည့်မိသည်။
သြော်....ကျန်းမာရေးသိပ္ပံဘွဲ့( အခြေခံကျန်းမာရေး)
ဆိုပါတကား။
ဆြာ...အံသြရချေသည်တကား။ ဆြာ အံသြရပြီ။
အခြေခံက ဘယ်က ပါလာရသနည်းဟု ဆြာ တွေး
ရသည်မှာ ဦးနှောက် ခြောက်နေပြီ။ ကော်ဖီတစ်ခွက်
နှင့် အကြံထုတ်လိုက်သည်နှင့် အချိန်တိုတိုလေး
အတွင်းတွင် ဆြာ...အဖြေရသည်။
အခြေခံ ဆိုသည်မှာ အခြေခံကျန်းမာရေးတက္ကသိုလ်
ဆိုင်းဘုတ်မှ အရှေ့က စာလုံး ပါလာခြင်း ဖြစ်သည်။
အခြေခံတက္ကသိုလ်မှ ပေးသော ဘွဲ့တွင် အခြေခံကို
မထည့်လျှင် ဘာကို ထည့်ရမည်နည်း။
သို့သော် ဆြာ ဘဝင်မကျ ။ ကျန်းမာရေးသိပ္ပံဘွဲ့ဟု
ရေးပေးလိုက်လျှင် ပြီးနေသည့်ဥစ္စာ ။ အခြေခံ ကို
အဆစ် ထည့်ပေးလိုက်လေသလား။ အပို ထည့်ပေး
လိုက်လေသလား။ သို့တည်းမဟုတ်..တက္ကသိုလ်
ဆင်း ကျောင်းသားသည် အခြေခံနာမည်ကို ဂုဏ်ယူ
ဝင့်ကြွားလေဟပ်အောင် ပြောဆိုရန် ထည့်ပေးလိုက်
ခြင်း ဖြစ်လေမည်လော။ ဆြာ့အထင်...ကျန်းမာရေးနယ်ပယ် တွင် ကျန်းမာရေးလုပ်သားတိုင်း သိစေချင်၍ တမင် ထည့်ပေးလိုက်ခြင်း ဖြစ်မည်။ ဆြာ့ဘွဲ့က ပေါ်ပြူလာ ဘွဲ့တကိုး။
သို့ဆိုသော် ဆြာ....ဆြာ့ကိုဆြာ...အခြေခံကျန်းမာရေးဘွဲ့ရထားသည်ဟု အာပေါင် အာရင်း သန်သန်ဖြင့် ကြွှားမိချေတော့မည်တကား။
သို့သော် ဆြာ....ဘဝင်မကျ ။ဆြာစိတ်ထဲတွင်
အောင့်သက်သက် ခံစားရသည်။ ဆြာ....တွေးသည်။
တက္ကသိုလ်လျှောက်စဉ်က ကျန်းမာရေးသိပ္ပံဘွဲ့ဟု
သာ ပါသည်။ ဘေးတွင် အခြေခံကျန်းမာရေးဆိုသည်ကို ဆြာ .....မမြင်မိပါ ။ ဆြာ မျက်စိ
ကောင်းပါသည်။ဆြာ မျက်စိက အလန်းလေးတွေ
ဆို ပိုတောင် မြင်သေး။
ဆြာ အဂ်လိပ်စာ အရမ်းညံ့သည်။ ဆြာ့ မျိုးရိုးက
အဂ်လိပ်စာ လုံးဝ မတတ်သည့်မျိုးရိုး ။ မျိုးနှင့် ရိုးနှင့်
ချီ၍ မတတ်တာ ။ အဲမျိုးရိုးမှ ဆင်းသက်လာသော
ဆြာသည်လည်း အင်္ဂလိပ်စာ အင်မတင့် အင်မတန်
ညံ့ပါသည်။ ဆြာ ဘာသာပြန်ပုံကိုလည်း ရှုစားကြ
ပါလေဦး ။
ကျန်းမာရေး သိပ္ပံဘွဲ
အမှား = Bachelor of Science in Health (ဆြာ)
.......
အမှန် = Bachelor of Community Health
အခြေခံကျန်းမာရေး တက္ကသိုလ်
အမှား = University of Basic Health( ဆြာ)
အမှန် = University of Community Health
အဲလောက် ဆိုရင် ဆြာ့ဘာသာပြန် တက်တက်စင်
လွဲလေကြောင်း သိကြလေပြီ ။
ဆြာ ..UCH ကျောင်းထွက်ဟု မည်သည့်ဆရာမှ
မဟရဲလောက်အောင် ညံ့မှန်း ထုတ်ပြနေသည်။
ဆြာက....ဆြာပဲလေ ။ ဘာဆိုဘာမှ မသိသည့်ဆြာ။
ကျောင်းသား (၁၅၀) မှာ အဆင့် ၁၅၀ ရသည့်....
ဆြာ ။ သူများတွေ စာတော်၍ ထိုင်းကို ရောက်သည့်
အချိန်မှာ ဆြာက စိတ်ကူးဖြင့် အင်တာနက်ဖြင့်
ထိုင်းကို အကြိမ်ကြိမ် ရောက်ပြီးပြီ ။
ဘာပဲဆိုဆို ဆြာ ပထမနှစ် ၊ ဒုတိယနှစ် ၊ တတိယ
နှစ် ၊ ဆာပလီသုံးကြိမ်နှင့် နောက်ဆုံးနှစ်ကို မီးကုန်
လေကုန် ကြိုးစား၍ အခြေခံပါသော ကျန်းမာရေး
သိပ္ပံဘွဲ့ကို အခြေခံရှိသော ဆြာ...သိမ်းပိုက်ခဲ့သည်
မဟုတ်လော။
ဆြာ ညံ့သည် ဆိုသော်လည်း သိသင့်သလောက်
သိသည်။ တတ်သင့်သလောက် တတ်သည်။ ဆြာ
...အခြေခံကျန်းမာရေး ကျောင်းဆင်း ။ နယ်မှာ ဆြာ့
ကို မော့ကြည့်မည့်သူက ရှိ ။ ပညာရေးလောကမှာ
ဆြာက မော့ကြည့်ရမည့် အဖြစ်လား။ ဆြာ ..အကြော့မခံ ။
သူလည်း တစ်ဘွဲ့ ။ ဆြာလည်း တစ်ဘွဲ့။ ခက်သည်က
..မြန်မာနိုင်ငံတစ်လွှား တက္ကသိုလ်ဆင်း သူများတွင် အခြေခံစကားလုံး
မပါ ။ ပညာရေးဘွဲ့ ၊ အင်ဂျင်နီယာဘွဲ့.....ဘိတ်ဆုံး
ကျန်းမာရေးကြီးကြပ် ( ၂) သင်တန်းဆင်း လက်မှတ်
တွင်ပင် အခြေခံ စကားလုံး မပါ ။ သြော်...ဆြာ.....
အခြေခံစကားလုံးတွေနှင့် ခေါင်းရှုပ်ရပြီ။
တက္ကသိုလ်က ဘွဲ့ရသော်လည်း ဆြာ...ကျန်းမာရေး
မှုး မဖြစ်သေး။ ကျန်းမာရေးမှုးက အစိုးရ ခန့်မှ ဖြစ်မှာကို
တစ်ချို့ ဆြာ့ညီအစ်ကို တစ်ချို့က ကျန်းမာရေးမှုးဆိုပြီး
နားထင် သွေးရောက်နေကြသည်။
ဘွဲ့ရပြီး အလုပ် မလုပ်လျှင် ရှက်ဖွယ် ။ သို့နှင့် ဆြာ
အလုပ် လုပ်ဖို့ ရည်ရွယ်သည်။ ဆြာ ....နယ်မှာ GP
လုပ်မည် ဟု တွေးသည်။ ဆေးကုသသည့်နေရာ
တွင် ဆြာ ကောင်းကောင်း မကျွမ်းကျင် ။ ဆရာဝန်
တွေ လူနာနှင့် ထိတွေ့မှု လေး ငါးနှစ် ရှိချိန်မှာ ဆြာ
က သုံးလ ပဲ ရှိသည် ။ တကယ်တမ်း GP လုပ်မည်
အားတင်းပြန်တော့ ဆြာ မမြင်ဖူးသည့် အသစ်အဆန်းက
တစ်ပုံ ။ ဆြာလဲ ဆြာပဲ ညံ့၏လောဟု
အခြေခံကျန်းမာရေးဆင်း ဘဝတူ အစ်ကိုကြီးတွေ
ကို မေးမြန်းကြည့်တော့ ဆြာအဖြစ်နှင့် မခြား ။ ဆြာ့
ကို အတွေ့အကြုံ ရှာခိုင်းသည် ။ မလွယ်သည်က
ဆြာ အတွေ့အကြုံ ယူရမည့် ဆရာက မရှိ ။ ရွာမှ
သိသင့်သလောက်တော့ သိ၊ တတ်ကြပါသည်ဆိုသော
ဖြစ်သလို ကု ဆိုသူများထက် ဆြာ အပုံ
ကြီး သာပါသည်။ ဆြာ့ကို ဆြာ...အားမရတာ။
အဆိုးဆုံး ဆြာ နှလုံးနာသည်က ဆြာတို့မှာ ဆေး
ကုသခွင့် လိုင်စင်က မရှိ ။ ဆြာတို့က ရမ်းမကုဘဲ
ခွဲခြမ်းစိတ်ဖြာ တွေးတော ကုသပါသော်လည်း အစိုး
ရ အသိအမှတ်ပြု လက်မှတ် မရှိသည့် အပ်ပုန်းနှင့်
မခြားသည့် ဘဝ ။ ဆြာ ကြိုးစားကုသသော်လည်း
လူ့သဘာဝအရ တစ်ခုခု ချို့ယွင်းခဲ့သော် ဆြာတို့ကို
ကာကွယ်ပေးမည့် လိုင်စင် ၊ ဥပဒေ အဘယ်မှာနည်း
။ ဆြာက .....ခေတ်နှင့် ရင်ဘောင် တန်းနေသော လူ။
ဆြာ......ဥပဒေကို လေးစားသည် ။ နယ် အပ်ပုန်းများက
ကိုယ်မပိုင်သည့် နေရာတွင်ပင် တတ်သလိုလို လုပ်၍
ရွာလူထုဆီက ဖြစ်သလို ကုစား
နေသည်ကို ဆြာ ဝမ်းနည်းမိသည် ။ ဆြာ လိုင်စင်
ရလျှင် လူထုကလည်း အားကိုး ၊ ဆြာ့အတွက်လဲ
လုံခြုံ စိတ်ချမှု ရှိကာ ဆြာ စေတနာနှင့် တတ်သ
လောက် ကူညီပေးချင်သည်။
တစ်ချို့ ဆြာ့ဆီကို ရောက်လာသည်။ အထူးကုနှင့်
ပြသတဲ့အတွင်းနာများကို အထူးကုနှင့် သေသေချာ
ချာ မပြသ မကုသဘဲ ဆေးမှတ်တမ်းကို ဝှက်ကာ
ဆြာ့ဆီကို လာသည်။ ဆြာ စိတ်ကျဉ်းကျပ်မိပါသည်။ ဆြာ
...အသိပညာပေး အကြံပေးလိုက်သည်။
ဆြာ...တစ်ကယ် နောင်တ ရမိသည် ။
အမ်ဘီဘီအက်ဆိုလည်း တစ်မျိုး။ဆေးထိုးအပ်မကိုင်ရသည့်
ပြည်သူ့ကျန်းမာရေးဆိုလည်း တစ်မျိုးပေါ့ ။ခုက ဟိုမရောက် ၊ သည် မရောက် ။နည်းပညာ
တက္ကသိုလ်တက်ရင်လည်း နည်းပညာနှင့် ပတ်သက်
တာကို ဆြာ အကုန်သိမည်။ ခက်လှသည်တကား။
လိုင်စင် ရှိသည်လည်း မဟုတ် ။ ဥပဒေကို လေးစား
သည့် ဆြာ .....ဥပဒေမဲ့ အလုပ်ကို ဆြာမလုပ်ချင် ။GP လုပ်နေလည်း ဆြာ့အဖို့ တိုးတက်ရာ လမ်းမမြင် ။ နယ်မှာက ဆြာ့လို အခြေခံ
ကျန်းမာရေးဘွဲ့ရက ဆေးမကုရင် ထမင်းငတ်မည့် ဘဝ ။ တစ်ခြား သင်ပေးလိုက်သည့်ဘာသာရပ်က စိုက်ပျိုးရေး၊ ငါးဖမ်းလောက် အသုံးမဝင် ။အစိုးရ
အလုပ်ခန့်လျှင်တော့ လုပ်ပိုင်ခွင့်ဖြင့်  လူထု၏ ယုံ
ကြည်မှု အားကိုးမှု ဖြင့် ဆြာ လုပ်ချင်စိတ် ရှိသပ။
အစိုးရ က သူတို့မွေးထုတ်လိုက်သော အခြေခံ B.Comm.H များ အလုပ်လက်မဲ့ ဖြစ်နေသည်ကို
သိသော်လည်း မမြင်ချင်ယောင် ဆောင်နေသည်။
ကျန်းမာရေးဝန်ထမ်းနှင့် လူနာ အချိုးမမျှဘူးဟု
အော်ကာ ဆေးရုံ တိုးချဲ့ ၊ ဆရာဝန်တွေကို အလုပ်
ပိုခန့်ရန် ကြိုးစားနေသည်။
ဆြာတို့ကို စာချုပ်တန်းလန်းနှင့် အလုပ်ရမည် ( တစ်နေ့) မျှော်လင့်ချက်နှင့် လျစ်လျူ ရှုထားသည်။ နယ်
ဘက် အထူးသဖြင့် တိုင်းရင်းသားကျေးလက်များတွင် ကျန်းမာရေးစောင့်ရှောက်မှု မရဘဲ အသေခံသွားရသည့် လူနာများတောင် ရှိပါသည်။နေရာမရွေးဘဲ နယ်များတွင် တာဝန် ထမ်းဆောင်
မည့် ဆြာတို့ ကျန်းမာရေးလောင်း ၅၀၀ ၊ ၆၀၀ ဝန်း
ကျင်တို့ကို ထည့်မစဉ်းစားသည်ကို ဆြာ နာကျင်
ရသည်။
ဆြာ နှင့်ကိုက်မည့်အလုပ်ကို ဆြာ လုပ်တော့မည်။
ဆြာ အင်ဂျီအိုများ၏ အလုပ်လျှောက်လွှာများကို
ဖတ်ကြည့်သည်။
ဆြာ...စိတ်အားငယ်မှုတွေကို တွေ့ရသည်။ အရည်
အချင်း သတ်မှတ်ချက်တွင် ဆရာဝန် ၊ သူနာပြု၊
သားဖွား ၊ ကျောင်းဆရာ ၊ အင်ဂျင်နီယာ ၊ ပြည်သူ့ကျန်းမာရေး နယ်ပင် ၊ကျန်းမာ
ရေးနယ်ပယ် အတွေ့အကြုံ ၂ ၊ ၃ နှစ် ၊ ...............
။ ကျန်းမာရေး သိပ္ပံဘွဲ မတွေ့ရ ။ ဆြာ ...အလုပ်
ရရော ရပါဦးမလား။ ဆြာ အားဖျော့ဖျော့ ။ဆြာ့ 
နယ်ပယ် က ဟိုဟာစပ်စပ် ၊ သည်ဟာ စပ်စပ် ၊ အသုတ်စုံ နှင့် မခြား။ ဆြာ .....အားမရ။
ဆြာ တွေးမိသည် ။ INGO မှာ ဆြာ အလုပ် လျှောက်သည်။ ကာဗာလက်တာ ၊ စီဗွီ ဖောင် ၊ ဆာတီဖီကိတ်က အစ အဂ်လိပ်လို ၊ ဘွဲ့လက်မှတ်
ကျမှ မြန်မာလို ၊၊။ ဆြာ ရင်မောပြီ ။ ဆြာ့္ဘဘွဲ့လက်
မှတ်ကို အဂ်လိပ်ကြီး ဘယ်လိုဖတ်မည်နည်း။
ဆြာ့ လက်မှတ်ကို နိုင်ငံတကာက အသိအမှတ် ပြု
သလား။ ဆြာ.....မထင် ။
ဆြာ....လိုချင်သည်က နိုင်ငံတကာ အသိအမှတ် ပြု
သည် ဖြစ်စေ ၊ မပြုသည် ဖြစ်စေ ၊ အလုပ်လျှောက်
သည့်အခါ နိုင်ငံတကာ နားလည်အောင် ဘွဲ့လက်မှတ်တွင် အဂ်လိပ်လိုရော ၊ မြန်မာပါ နှစ်မျိုး ရေးပေး
သင့်သည်ဟု ဆြာ မြင်သည်။
သို့အပြင် ဆြာ အထင်မှာ အလုပ်ခေါ်သည့်အဖွဲ့
အစည်းက ကျန်းမာရေးသိပ္ပံဘွဲ့ကို လက်ခံမည်
ဖြစ်သော်လည်း ( အခြေခံကျန်းမာရေး) ဆိုသည့်နာမကို မြင်လျှင် စိတ်ထဲတွင် တစ်မျိုး ဖြစ်သွားကြ
မည် မလွဲပေ။
အခြေခံပါသော ကျန်းမာရေးသိပ္ပံဘွဲ့ရထားသည့်
ဆြာ.....NGO လျှောက် ထားပါသော်လည်း မမျှော်
လင့်ရဲ၍ ထမင်းနပ်မှန်စားနိုင်အောင် ၇န်ကုန်မြို့
တွင် စားပွဲထိုးက အစ ၊ အဆင်ပြေမည့်အလုပ်ကို
ဝင်လုပ်တော့ပါအံ့။
ဆြာ ...ဆုတောင်း...
ဘဝဆက်တိုင်း နက်ကတစ်ဆန်သော အခြေခံစကားလုံးမှ ကင်းလွတ်ရပါလို၏ .............
copy from uchthantzin.blogspot.com