CSS ရေးနည်း CSSရေးနည်း-1CSSရေးနည်း-၂ HTMLရေးနည်း

ခရစ်တော်ပြဿနာ

ခရစ်တော်၏ ဟောပြောချက်သည် အဘယ်ကြောင့် ဗုဒ္ဓဘာသာနဲ့ တူရသနည်း။
------------------------------------------
အထက်ပါမေးခွန်းနဲ့ ပတ်သတ်၍ ပါမောက္ခဂိုးရစ်(ခ်)၏ စာမျက်နှာ၆၀၀ကျော်မှာရှိသော စာအုပ်ကို ကိုးကား၍ အရှင်အရိယဓမ္မက ၁၉၂၅ ခုနှစ်ထုတ် ဓမ္မစာဆောင်တွင် ဖြေဆိုခဲ့သည်မှာ-
        
     ခရစ်တော်(သို့မဟုတ်)ဦးဇီဝကိရိဋ

ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး ၅၄၃ ခုနှစ်က ဖြစ်သည်။ခရစ်တော်သည် အရွယ်နဲ့မလိုက်အောင် ထူးခြားထက်မြက်သူဖြစ်သည်။၁၂နှစ်သားအရွယ်ကပင် ရဟူဒီ ဘုန်းတော်ကြီးများအား ထာဝရဘုရားသခင် (ယေဟိုးဝါး) ၏ ဖန်ဆင်းပုံ၊လူလူချင်း မတူညီပုံများကိုမေးရာ ဘုန်းတော်ကြီးများက ''အိုသူငယ့်ဤအချက်ကား ယေဟိုးဝါ(ဘုရားသခင်)သာလျှင် သိနိုင်သည်''ဟုသာ ဖြေကြသဖြင် မကျေနပ်။အရွယ်နှင့်မလိုက်အောင် စူးစမ်းတွေးခေါ်နိုင်သဖြင့် သူ့အား ဂိုဏ်းချုပ်ပင် မြှောက်ခဲ့ကြရသည်။၁၂နှစ်မျှသာ ရှိသေးသည်။
(မှတ်ချက်။    ။ခရစ်တော်(ယေရှု)သည် ယေဟိုးဝါးဘုန်းတော်ကြီးတစ်ဦး၏ မြေးဖြစ်သည်။ဘုန်းတော်ကြီးက သူ့မြေးအား ဘာသာရေးအစည်းအဝေးပွဲတစ်ခုတွင် ခေါ်သွားရာမှ သူ၏ မေးခွန်းများကို မဖြေနိုင်သဖြင့် ဘာသာရေးခေါင်းဆောင်အဖြစ် ၁၂နှစ်သားအရွယ်ကပင် ခန့်အပ်ခြင်းခံရသည်။ဘာသာရေးခေါင်းဆောင်မှသာ ဝတ်ရသော လက်စွပ်ကိုလည်း သူ့(ယေရှု)အား လွှဲပြောင်းပေးခဲ့သည်။ဤနေရာ၌ ယေရှု၏ မေးခွန်းများကား စိတ်ဝင်စားဖွယ်ကောင်းလှသည်။
ယေရှု       ။   ။ဆရာ့လူသားတွေကို ဘယ်သူက
                      ဖန်ဆင်းခဲ့သလဲ။
ဘာသာရေးခေါင်းဆောင်။    ။ ။သူငယ်၊လူသားတွေတင်မကဘူး၊ဒီကမ္ဘာလောကတစ်ခုလုံးကို ဘုရားသခင်ကပဲ ဖန်ဆင်းခဲ့တယ်။
ယေရှု။  ။ဒါဆို ငရဲကိုလည်း ဘုရားသခင်ကပဲ ဖန်ဆင်းခဲ့တာပေါ့။
ဘာသာရေးခေါင်းဆောင်။   ။မှန်ပေတယ်သူငယ်၊ဆိုးတဲ့သူတွေ၊မိုက်တဲ့သူတွေကို အပြစ်ဒဏ်ပေးဖို့ ဘုရားသခင်ကပဲ ဖန်ဆင်းခဲ့တယ်။
ယေရှု။  ။ဒါဆို ဘုရားသခင်က ဘာလို့လူဆိုးတွေ၊လူမိုက်တွေကို ဖန်ဆင်းနေမှာလဲ။အကုန်လုံးကို လူကောင်းဖြစ်အောင် ဖန်ဆင်းလိုက်ပေါ့။အကုန်လုံးကို ရုပ်ချော၊ရုပ်လှတဲ့သူတွေဖြစ်အောင် ဖန်ဆင်းလိုက်ပေါ့။အကုန်လုံးကို ချမ်းသာတဲ့သူတွေဖြစ်အောင် ဖန်ဆင်းလိုက်ပေါ့။အကုန်လုံးကို ပြစ်မှုမကျူးလွန်တဲ့ လူကောင်းတွေဖြစ်အောင် ဖန်ဆင်းလိုက်ပေါ့။ဒါဆို လူသားတွေအတွက် ငရဲဆိုတာ ဖန်ဆင်းစရာ မလိုတော့ဘူးပေါ့။
အထက်ပါမေးခွန်းများအား မဖြေနိုင်သဖြင့် ဘာသာရေးခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့သည်)

     သူသည် ထာဝရဘုရားသခင်၏ ဟောပြောချက်များကို သဘောမတွေ့သဖြင့် ဘာသာရေးဂိုဏ်းချုပ်နေရာမှ ထွက်လာကာ အမှန်တရားကို ရှာဖွေရန် ခရီးထွက်ခဲ့သည်။(ထို့ကြောင့် ယေရှုသည် အသက်၁၂နှစ်မှ ၃၀အထိ နှစ်ပေါင်း ၁၈နှစ်တိုင်တိုင် ပျောက်နေခြင်းဖြစ်သည်)
သူ(ယေရှု)သည် အမှန်တရားကို ရှာဖွေရန် ခရီးထွက်ခဲ့ရာ ဂျေရုဆလင်မြို့အနီး၌ပင် တိဘက်ကုန်သည်ကြီးများနဲ့ တွေ့ခဲ့သည်။ယေရှုက ထိုကုန်သည်ကြီးများအား သူ၏ မေးခွန်းများကို မေးမြန်းခဲ့သည်။ကုန်သည်ကြီးများက ရုပ်ချောခြင်း၊ရုပ်အိုခြင်း၊ဆင်းရဲခြင်း၊ချမ်းသာခြင်း စသည်တို့အားလုံးတို့သည် မိမိပြုဖူးသော ကံ၊ကံ၏ အကြောင်းတရားများကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ဤတွင် ယေရှုသည် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကာ တိဘက်ကုန်သည်ကြီးများ၏ ဆရာထံတွင် တပည့်ခံရန် တိဘက်ပြည်သို့ လိုက်ပါသွားခဲ့သည်။
(မှက်ချက်။   ။တိဘက်ကုန်သည်များသည် ယေရှုအား ကလေးဖြစ်သောကြောင့် လိုက်ခွင့်မပြုခဲ့ချေ။ယေရှုက သူသည် ဘာသာရေးခေါင်းဆောင်ဖြစ်ကြောင်း လက်စွပ်ပြမှ လက်ခံခဲ့လေသည်)
တိဘက်ပြည် မွန်ကျောင်းတိုက် ဘုန်းတော်ကြီး ရှင်အရိယပုတ္တသည် ယေရှုအား ဘာသာခြားဖြစ်သောကြောင့် ချက်ချင်းလက်မခံပေ။၆လတိတိ စောင့်ကြည့်ပြီးမှ သံဃာ၃၀တို့ဖြင့် ရှင်သာမဏေ ဝတ်ပေးခဲ့သည်။ဘွဲ့အမည်မှာ သာမဏေရ ဇီဝကိရိဋ ဖြစ်သည်။အသက် ၂၀ ပြည့်လျှင် ရဟန်းခံပေးသည်။တရားအားထုတ်ရာ ဈာန်အဘိညာဉ် ရခဲ့သည်။ဇီဝကိရိဋ ရဟန်း ၁၀ ဝါရလျှင် မိမိတိုင်းပြည်ရှိ အယူမှားများအား ဖယ်ကာ မိမိကဲ့သို့ ချမ်းသာရစေရန် ဗုဒ္ဓ၏ တရားတော်များကို ဟောကြားလိုသဖြင့် ဆရာအား ခွင့်ပန်ခဲ့သည်။ဆရာ အရှင်အရိယပုတ္တမထေရ်ကြီးက သူ၏ အနာဂတ်ကို အဘိညာဉ်ဖြင့် ကြည့်တော်မူလျှင် ဆိုးရွားသော အန္တရာယ်ဖြင့် ကွယ်လွန်ရမည်ကို သိသဖြင့် ခွင့်မပြုခဲ့။သုံးကြိမ်း၊သုံးခါ ခွင့်တောင်း၍ တားမရသည့်အဆုံး ကတိခုနှစ်ချက်ကို ဝန်ခံစေပြီးမှ ခွင့်ပြုခဲ့လေသည်။
(ဤကတိခုနှစ်ချက်အား မူရင်းရေးသားသော အရှင်အရိကဓမ္မက၏ စာအုပ်တွင်သာ ရှိနိုင်ပေတော့မည်။ယခုတွင် အရေးကြီးသည် အချက်လောက်သာ ဖော်ပြပါမည်)
၎င်းတို့မှာ-
မိမိအား ရန်ပြုသူတို့အပေါ် မိမိ၏ တန်ခိုးဖြင့် ပြန်၍ အန္တရာယ်မပြုရ။ရန်သူအပေါ် သည်းခံရမည်။အမြဲဈာန်ဝင်စားနေရမည်။တရားဟောရာတွင် ပရိယာယ်သုံး၍ ဟောရမည်။ထို့ကြောင် ယေရှု၏ တရားတော်များသည် ဗုဒ္ဓတရာတော်များနဲ့ တူနေရခြင်းဖြစ်သည်။သို့သော် ဗုဒ္ဓတရားတော်များဟူ၍ကား သူမပြောခဲ့။သူသည် ဘုရာ၏ သားတော်ဟု ပရိယာယ်သုံးကာ ဟောပြောခြင်းဖြစ်သည်။နောက်ဆုံး မိမိအသက်ကိုပင် ရန်မူလာသော ရန်သူများအား တန်ခိုးတော်ဖြင့် မတုန့်ပြန်ဘဲ သည်းခံကာ အသက်ဆုံးခံလိုက်ပေသည်။
(မှက်ချက်။   ။မူရင်းရေးသားခဲ့သူ ပါမောက္ခ ဂိုးရစ်(ခ်)က ပြောခဲ့သည်မှာ ယေရှုသည် ၁၈ နှစ်လုံးလုံး ပျောက်နေသည်မှာ တိဘက်တွင် ဗုဒ္ဓစာပေများကို သင်ယူနေခြင်းဖြစ်ကြောင်း၊ခရစ်ယာန်ကျမ်းများ၌ တိကျစွာ မဖော်ပြထားကြောင်း၊ယေရှုကိုယ်တိုင် ရေးသားခဲ့သော စာမျက်နှာ ၁၀၀ ရှိ စာပင် ယခုတိဘတ်၌ ရှိနေကြောင်း၊ယေရ့၏ ဆရာ အရှင်အရိယပုတ္တ ရဟန္တာအရှင်မြတ်ကြီးက
'သင် ဟောသော်လည်း ရဟူဒီလူမျိုးတို့သည် လက်ခံကြမည်မဟုတ်။သင်မရှိသည့် နောက်ကာလတွင်ကား သင်ဟောသော တရာများထဲမှ အချက်ခုနှစ်ချက်ကို မူတည်၍ ဘာသာဝါဒသစ် (ဓမ္မသစ်) ထူထောင်ကြလိမ့်မည်'ဟု ယေရှုအား မှာကြားလိုက်ကြောင်း ယေရှုကိုယ်တိုင် ရေးသားထားသော ကျမ်းစာထဲတွင် ပါရှိသည်)

          မူရင်း(ကမ္ဘာကို ကိုင်ချုပ်မည့်သူ၊ဦးဌေးလှိုင်၊စာမျက်နှာ-၂၆၁)

No comments:

Post a Comment