CSS ရေးနည်း CSSရေးနည်း-1CSSရေးနည်း-၂ HTMLရေးနည်း

ဒဏ္ဌာရီဆန်သောကမ္ဘာ

၁၉၂၀ ဝန်းကျင်ခန့် က မဂ္ဂဇင်းကြီးတစ်စောင်က
ကမ္ဘာကြီးရဲ့ အနာဂါတ်နဲ့ ပါတ်သတ်လို့  ဘာဖြစ်မယ်
ဆိုတာကို အတွေးအခေါ်ပညာရှင်တွေ လက္ခဏာပညာ ရှင်တွေ စိတ်တန်ခိုးပညာရှင်တွေ
အနာဂါတ်မြင်ဆရာတွေဆီကနေ တောင်းခံခဲ့ဘူးတယ်
အဲဒီအချိန်က အကျော်ကြားဆုံးဖြစ်တဲ့ အမေရိကန်
နိုင်ငံသူ မစ္စဂျင်းဒစ်ကဆင် ကမ္ဘာကျော်
လက္ခဏာပညာရှင်ကြီးကိုင်ရို အင်္ဂလန်နိုင်ငံက လက္ခဏာပညာရှင် အိန္ဒိယနိုင်ငံက သူတော်စင်ရသေ့ကြီး ပြင်သစ်နိုင်ငံက
အတပ်ဟောဆရာကြီး အစရှိတဲ့ သူတွေအပါ
အဝင် ကျော်ကြားသူတွေဆီကနေ အနာဂါတ်မှာ
ကမ္ဘာကြီးဘယ်လိုဖြစ်မလဲဆိုတာကိုတောင်းခံခဲ့တယ်
အဲဒီအများကြီးဟောတဲ့အထဲမှာ အံ့သြစရာ
ကောင်းတဲ့အချက်တချက်က ဟောတဲ့သူတိုင်းမှာ
ပါတယ် အဲဒါကတော့ တနေ့ ကျရင် ကမ္ဘာကြီးကို
အုပ်ချုပ်မဲ့သူ ကမ္ဘာကြီးကို ချုပ်ကိုင်မည့်သူဟာ
အာရှတိုက်ကနေထွက်ပေါ်လိမ့်မယ် သူက
ကမ္ဘာကြီးကိုပြောင်းလဲပစ်လိမ့်မယ်ဆိုပြီး
ဟောခဲ့ကြတယ် အဲဒီအထဲက လက္ခဏာဆရာကြီး
ကိုင်ရိုက အာရှတိုက်ရဲ့ (ဗားမား) နိုင်ငံက
ထွက်ပေါ်လိမ့်မယ်ဆိုပြီး သူ့ ရဲ့ ကိုင်ရိုးမိမွှားစာအုပ်မှာ
မှတ်တမ်းတင်ခဲ့တယ် အဲဒီအချိန်က လေ့လာသူတွေဟာ
ဗားမား နိုင်ံကိုလာတာမရောက်ပဲ ဗားမာကျွန်းကို
ရောက်ရောက်သွားခဲ့ကြတယ်
အဲဒီအချိန်က သူတို့ နာမည်ပေးခဲ့ကြ
တာက ဗုဒ္ဓရာဇာ ဆိုပြီးနာမည်ေးခဲ့ကြတယ်
မြန်မာလိုဆို စင်္ကြာဝတေးမင်းကဲ့သို့ သော
ဘုန်းကံရှိသောပုဂ္ဂိုလ် လို့ သတ်မှတ်ကြတယ်
အဲဒီအချိန်က ပေါ်ပြူလာအဖြစ်ဆုံးသတင်း
ဖြစ်ပေမဲ့ တစတစ ပျောက်ကွယ်သွားခဲ့တာ
နှစ်ပေါင်းတစ်ရာနီးပါးရှိခဲ့ပြီ
အခု ပြန်ပြီးအသက်ဝင်လာခဲ့ပြီ
ကောလဟာလ ငါးမျိုးမှာ စင်္ကြာဝတေးမင်း
ပေါ်လတ္တံ့သောကောလဟာလက အနှစ်တရာ
အလိုက ကြားရတယ်တဲ့ အခု ၂၀၂၀ ခုနှစ်ဆိုရင်
နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီ စင်္ကြာဝတေးမင်းဆိုတာ
သာသနာတွင်းမှာပေါ်ထွက်ရိုးမရှိပါဘူး
ဒါပေမဲ့ အဲဒီလို သာသနာတော်ကိုကြီးကျယ်
စွာစောင့်ရှောက်နိုင်မဲ့ဘုန်းရှင်ကံရှင် မျိုးပေါ်
ထွက်လာမှာပါ ဘုရားရှင်သာသနာတော်ကို
စောင့်ရှောက်ဖို့ ပေါ်ထွက်လာမှာပါ
အရင်က မင်းဆိုးမင်းညစ်တွေ ဖျက်ဆီးလို့ 
ဆက်သွယ်မှု့ မဖွံ့ ဖြိုးလို့ ဗုဒ္ဓတရားတော်တွေဟာ
တိမ်ဝပ် နေပေမဲ့ အခု မင်းဆိုးမင်းညစ်တွေ
ကံကုန်မဲ့အချိန် ဆက်သွယ်မှု့ ကလည်း
ကမ္ဘာကြီးက ရွာ လို့ ခေါ်ဆိုရလောက်အောင်
ကျဉ်းမြောင်းနေပါပြီ
အခု ကမ္ဘာကျော်တွေ သိပ္ပံပညာရှင်တွေ
ဘီလျံနာ မီလံနာ ကြီးတွေအကုန်လုံး ဗုဒ္ဓဘာသာဝင်
တွေဖြစ်ကုန်ကြပြီ တကမ္ဘာလုံး ဝိပဿနာတရား
တော်တွေကို ကျင့်သုံးကုန်ကြပြီ
ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတဲ့ဘာသာခြားတွေ
နည်းမျိုစုံနဲ့ ပျက်ဆီးနေကြပြီ ဘာသာကြီးလေးခုမှာ
ဗုဒ္ဓဘာသာက အဆမတန်တိုးတက်ပြီး ကျန်တဲ့
ဘာသာတွေတဖြေးဖြေး ဆုတ်ယုတ်ကုန်ကြပြီ
ဒီသာသနာဟာ လွယ်လွယ်ရလာာမဟုတ်ပါဘူး
တတိယသံဃာယနာတင်တော့မဲ့အခါ အကြီးအမှုးမရှိလို့ ရှာတော့ လူ့ ပြည်နတ်ပြည်
မှာတောင်မရှိလို့ ဗြဟ္မာ့ပြည်အထိ တက်ပြီး
ရှင်မဟာမေဂ္ဂလိတိဿမထေရ်မြတ်လောင်းကို
တောင်းပန်ပြီး လျောက်ခဲ့ကာ အသက်ဆက်ခဲ့ရတာပါ
ပျက်ဆီးဖို့ အကြိမ်ဟာ မရေမတွက်နိုင်အောင်
ကြုံခဲ့ပြီးပါပြီ အခြားဘာသာတွေနဲ့ ယှဉ်ရင်
မပြောပလောက်အောင်သေးငယ်ပေမဲ့
ဒီနေ့ ထိလက်မထောင်ပြီးအသက်ဆက်ရှင်သန်
နေတာကိုကြည့်ရင် သိနိုင်ပါတယ်
၃၁ ဘုံနဲ့ ပါတ်သတ်နေတဲ့ ဒီသာသနာဟာ
မမြင်ရနိုင်တဲ့နတ် ဗြဟ္မာ တန်ခိုးရှင်တွေရဲ့
အကူအညီမရသေးလို့ ပါ ဒါကလည်း
မင်းဆိုးမင်းညစ်နဲ့ တွေ့ တော့ လူတွေသီလပျက်နေတယ်
အဲဒီအတွက်သူတို့ လည်းကူညီခွင့်မရကြလို့ ပါ
ဒုဋ္ဌဂါမဏိမင်းကြီးလက်ထပ်က သာသနာပျက်ဆီးဖို့ 
ကြုံတဲ့အချိန်မှာ ကျည်းကုလား သုံးသန်းကို
ဗုဒ္ဓဘာသာစစ်သား ရှစ်သောင်းနဲ့ တိုက်တာ
နတ်တွေကို အကူအညီတောင်းပြီးတိုက်လို့ 
နိုင်ခဲ့ဘူးပါတယ် ဒါ့ကြောင့်လည်း ဒီနေ့ ထိ
သာသနာတော်အသက်ဆက်နေရတာပါ
အခု တကမ္ဘာလုံး ဗုဒ္ဓဘာသာဝင်ဦးရေများလာပြီ
ငါးပါးသီလ ကမ္ဘာကိုပြန့် ပြီ လူတွေကို နတ်တွေ
တန်ခိုးရှင်တွေကူညီခွင့်ရတော့မယ် မိစ္ဆာဒိဋ္ဌိတွေ
သက်ဆိုးမရှည်တော့ဘူး သာသနာကိုဖျက်ဆီးသူတွေ
နည်းမျိုးစုံနဲ့ ပျက်ဆီးလိမ့်မယ်
ဗုဒ္ဓဘာသာအထွန်းကားဆုံးမြန်မာနိုင်ငံမှာလည်း
မင်းဆိုးမင်းညစ်တွေ ကံကုန်တာနဲ့ တိုင်းသူပြည်သားတွေ
အဆင်ပြေတော့မယ် အခု ပူလောင်မှု့ က
ကမ္ဘာကြီးရော မြန်မာအတွက်ပါ နောက်ဆုံး
ပူလောင်ခြင်းပါပဲ လေပြေလာခါနီး မုန်တိုင်းတိုက်တဲ့
သဘောပါပဲ
ဝမ်းနညးစရာက ပျက်ဆီးမှု့ အကြီးကြီး
တစ်ခုက ကြုံဦးမှာ အခုအခြေအနေကတော့
အဖွဲ့ အစည်တွေ လူမျိုးရေးတွေကြားမှာ
မတူညီသောကွဲပြားခြင်းတွေဟာ အကြောင်းရှာပြီး
ဖြစ်ပေါ်လာမှာပါပဲ ကိုယ့်တနိုင်ငံတည်းမဟုတ်ပါဘူး
လေ့လာကြည့်လိုက်ပါ တကမ္ဘာလုံးမှာ ဖြစ်နေတာပါ
နိုင်ငံတိုင်းမှာဖြစ်နေတာပါ ခေါင်းဆောင်းတွေ
ဘယ်လောက်ပဲကြိုးစားကြိုးစား အဆင်မပြေနိုင်ပါဘူး
ဘာဖြစ်လို့ လည်းဆိုတော့
ကံကြောင့်ဖြစ်နေကြလို့ ပါပဲ
အချိန်ကာလတခုထိတော့
ဖြစ်နေအုံးမှာပါ
ဗုဒ္ဓဘာသာ ပြန့် လေလေ အင်အားများလေလေ
ကမ္ဘာကြီးငြိမ်းချမ်းလေလေ ဖြစ်ပြီး
သိပ်မကြာတော့တဲ့တနေ့ မှာတော့
အိုင်းစတိုင်းတို့  ကိုင်ရိုတို ပြောသလိုမျိုး
ဖြစ်လာမှာပါ

Credit - ဦးမြင့်ခိုင်(စိတ်ပညာ)

No comments:

Post a Comment