ရသေ့ကြီးဦးခန္တီ နဲ့ ဆရာတော်ကြီးအချို့ 
တရားပွဲတခုမှာ ဆုံတွေ့ ကြတဲ့အခါ ရသေ့ကြီးက
လျှောက်တယ်
အရှင်ဘုရားတို့ ဘုရား တပည့်တော်အကြံပြု
လျှောက်ထားချင်တာတခုရှိပါတယ် အဲဒါကတော့
မြတ်စွာဘုရားရှင်ရဲ့ ပဋ္ဌာန်းဒေသနာမြတ်ကို
အကျယ်ဖွင့်ဆိုဖို့  အကြံပြုပါရစေလို့ လျှောက်တဲ့
အခါ
ဆရာတော်ကြီးတပါးက
ဟုတ်ပါပြီ ရသေ့ကြီး အဲဒီပဋ္ဌာန်းတရားတော်ကြီးကို အကျယ်ရေးဖို့ 
စာရွက်စာတမ်းတွေက ဘယ်ကရမှာလည်းဆိုတော့ ရသေ့ကြီးက
အဲဒီအတွက်မပူပါနဲ့ အရှင်ဘုရား လိုအပ်တဲ့
စာရွက်စာတမ်းစက္ကူ ကို တပည့်တော်တဦးတည်း
လှူပါ့မယ်ဘုရား လို့  လျှောက်တယ်
အဲဒီအခါ ဆရာတော်ကြီးက
ရသေ့ကြီး ဘုရားရှင်ရဲ့ ပဋ္ဌာန်းတရားတော်မြတ်ကို
အကုန်လုံးအကျယ်ဖွင့်ရမယ်ဆိုရင်
ကမ္ဘာပေါ်မှာ ရှိတဲ့ စက္ကူတွေတင်မကပဲ နောက်ထပ်ထုတ်ဖို့ ဝါးတွေကိုစက္ကူအဖြစ် ပြုလုပ်
ပါစေအုံး ပြီးတော့ သမုဒ္ဒရာထဲက ရေတွေကို စာရေးဖို့ မှင်အဖြစ်အသုံးပြုပါစေဦး ပဋ္ဌာန်းရဲ့
အကျယ်ကို ကုန်အောင်ဖွင့်ဆိုဖို့  မလောက်ဘူး တဲ့
အဲဒီတော့မှ ရသေ့ကြီးလည်း
နုတ်ဆိတ်သွားသတဲ့
အဲဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး စဉ်းစားမိတာ
တခုက
မြန်မာ့နိုင်ငံရေးကို ပြုပြင်ပြောင်းလဲဖို့ ဆိုပြီး
ဟိုနေရာမှားနေတယ် ဒီနေရာမှားနေတယ် နဲ့ 
ထောက်ပြပြောဆိုနေကြတာတွေ့ တော့
ရသေ့ကြီးဖြစ်စဉ်ကိုသတိယမိတယ်
နှစ်ပေါင်းများစွာ မှားယွင်းခဲ့တဲ့ မြန်မာနိုင်ငံရေးရဲ့
လိုအပ်ချက်တွေကို တခုချင်းစီ ထောာက်ပြ
တောင်းဆိုနေမယ်ဆိုရင်တော့ ဆရာတော်ကြီး
ပြောသလို သမုဒ္ဒရာရေတွေကို မှင်အဖြစ်ပြောင်းလဲပြီးရေးမယ်ဆိုရင်တောင်
မှားနေတာတွေက ကုန်နိုင်မယ်မထင်ပါဘူး
အဲဒီတော့
အနီးစပ်ဆုံးဖြစ်တဲ့ မိမိတို့ ရဲ့ ရင်ထဲမှာ ကိန်းဝပ်နေတဲ့ အဆိုးမြင်ဝါဒတွေ အမှားရှာ ဝါဒ
တွေကို ပြောင်းလဲရမယ် မိမိကိုယ်ကို သီလနဲ့ ပြည့်စုံသူဖြစ်အောင် ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်ရှင်ဖြစ်အောင် ကိုယ်နဲ့ မဆိုင်သလို
နေတတ်တဲ့အကျင့်ကို ငါ့မှာလည်းတာဝန်ရှိတယ်
ဆိုတဲ့ပရဟိတစိတ်ဓာတ်မျိုးဖြစ်အောင်
အရင်ပြုပြင်ပြီးပြီဆိုရင် မိမိပတ်ဝန်းကျင်
မှာ မိမိကူညီနိုင်တဲ့အရာ ကယ်တင်နိုင်တဲ့အရာ
ပြောင်းလဲနိုင်တဲ့အရာကစလို့  ပြုပြင်ပြောင်းလဲ
ကယ်တင်ကြမယ်ဆိုရင်ဖြင့်
မြန်မာနိုင်ငံရဲ့ အနာဂါတ်ဟာ
တခဏလေးနဲ့ 
ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်လာပါလိမ့်မယ်
Credit - ဦးမြင့်ခိုင်(စိတ်ပညာ)
No comments:
Post a Comment