သူခိုးတစ်ယောက်သည် အိမ်ခန်းတစ်ခန်းထဲသို့ သော့တူနှင့် ဖွင့်ပြီး ဝင်လာသည်။
လေးနှစ် အရွယ်ရှိ ချာတိတ်တစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လေသည်။
“ ဟေ့ ချာတိတ် …မင်းအဖေနဲ့အမေ အိမ်မှာ ရှိလား ” “ မရှိဘူး ” ချာတိတ်လေး ဖြေပြီး တစိမ်းကို ယုံကြည်သည့် မျက်လုံးများဖြင့် ကြည့်သည်။
“ အဲဒါဆို ရေတစ်ခွက်လောက် ယူခဲ့ ပေးပါ့လားကွာ ” ဤသို့ပြောပြီး သူခိုးက တွေးသည်၊
ချာတိတ်လေး ရေသွားယူနေတုန်း၊ အဝတ်ဘီဒိုကို ဖွင့်ပြီး လိုချင်တာ ယူလိုက်မည်ဟု တွေးသည်။
သို့သော် ဘီဒို ဖွင့်ရုံသာ ရှိသေးသည် ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို လှမ်းပေးလိုက်သည်။ ဘာမှ မတတ်နိုင် ရေခွက်ထဲက ရေကို သောက်ချလိုက်ရသည်။
“ နောက်ထပ် တစ်ခွက်လောက် ခပ်ပေးပါဦးကွာ ” ဘီဒိုထဲမှ သိုးမွှေးအကျီင်္ကို ထည့်ရရုံ ရှိသေး ချာတိတ်လေး ပြန်ရောက်လာပြီး ရေခွက်ကို ကမ်းပေးသည်။
စတုတ္ထ အကြိမ်မြောက် ရေနောက်တစ်ခွက် ယူရန်ပြောသောအခါ ချာတိတ်လေးက ပြန်ဖြေသည်။
“ ဦးလေးကြီး ကျွန်တော် မယူလာနိုင်တော့ဘူး….. ရေပိုက်ခေါင်းကို ကျွန်တော် လက်နဲ့ မမှီဘူး၊ အိမ်သာထဲက ရေကလည်း ကုန်နေပြီ ခင်ဗျ ”
Credit-myanmarlatestnews.com
No comments:
Post a Comment