ကြာတော့လည်း ကြာခဲ့ပါပြီ။……..
အင်း………ကြာခဲ့ပါပြီလေ…………အခုချိန်ဆို သူမရဲ့ဘ၀မှာ ကျွန်တော်နာမည်ဆိုတာ ကြားဖူးရုံလောက်ပဲရှိတော့မည် ထင်သည်…
အင်း ……… ထင်မိပါသည်…………..
သူမ မေ့ချင်လည်း မေ့နေလောက်ပြီ……..မေ့ချင်ယောင်လည်း ဆောင်နေလောက်ပြီ…………….သူမသည် သူမ ရွေးချယ်လိုက်သော ဘ၀တွင် သူမချစ်သည်ဟု ပြောသော ယောကျာ်းတစ်ယောက်နဲ့ အတူတူ ပျော်ရွှင်နေလောက်ပြီ…………………သို့မဟုတ်………သာယာသော အိမ်ထောင်တခုကို တည်ထောင်ဖို့ ပြင်ဆင်နေပြီးလောက်ပြီ………………
အခုဆို ဟိုး တောင်အရပ်ဆီက မိုးသက်လေကလေး……တဖြည်းဖြည်း တိုက်ခတ်လာပြီ………………..မိုးစက်ကလေးများ မကျဆင်းမှီ တိုက်ခတ်လာသော လေးညှင်းလေးများကို ကျွန်တော် သဘောကျသည်……….ထို့အတူ သူမလည်း………သဘောကျသည်။ သဘောကျသည်ဟု ထင်မိပါသည်။
အင်း…….ထင်ခဲ့မိပါသည်…….ထင်မိခဲ့ဖူးပါသည်……………..တချိန်ကတော့ အခုလို မိုးစက်ကလေးများ ကျဆင်းသည်ကို သူမနဲ့ အတူ ငေးကြည့်မိဖူးပါသည်…. မိုးစက်ကလေးများကို အတူတူ ရေတွက်ကြည့်ဖူးပါသည်။ သူမသည် ရိုးသားဖြူစင်စွာ ပြုံးရယ်လို့ပေါ့……………။ တနည်း သူမ၏ အပြုံးကလေးများသည် ဖြူစင်ပါသည်ဟု ကျွန်တော် ယူဆမိခဲ့ပါသည် ။ ကျွန်တော် ယုံကြည်ခဲ့မိပါသည်။
သူမသည် အမှားတခုမှ မကျူးလွန်ခဲ့ပါ…….သူမသည် အမှန်တရားကို အလွန်မြတ်နိုးတတ်သူ တစ်ယောက်ဖြစ်ပါသည်….. လူတိုင်းနှင့်လည်း ဆက်ဆံရေး ပြေပြစ်ကာ လူချစ်လူခင် ပေါများသော ကောင်မလေး တစ်ယောက်ဖြစ်ပါသည်….
လူတိုင်းက သူမကို ချစ်ပါသည်…. ကျွန်တော် ညီငယ်လေးများ……………ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းများ…………..သူမကို ချစ်ကြပါသည်……………ကျွန်တော် သူမကို စတွေ့ သူမသည် ဆယ်တန်းအောင်ကာစ ကလေးမလေး တစ်ယောက်မျှသာ ဖြစ်သည်။ ကျွန်တော် သူမကို စတွေ့တွေ့လျှင် တွေ့ချင်း စိတ်ဝင်စားမိခဲ့ပါသည်………….သို့သော် ဖြူစင်လှပသော ထိုကောင်မလေးကို ကျွန်တော့်ကြောင့် အရောင်မစွန်းစေလိုပါ……………ကျွန်တော့်ကြောင့် သူမကို စိတ်မညစ်စေလိုပါ……………
ကျွန်တော်သည် လေလွင့် ခရီးသည်တစ်ယောက်ဖြစ်သည်….
နေရာတခုတွင် ၆ လထက် ပိုပြီး နေလေ့မရှိ…………ထို့ကြောင့် ကျွန်တော့် လေလွင့်ခရီးအစတွင်……….
သူမ၏ ပုံရိပ်တို့ နှလုံးသားထဲတွင် သိမ်းကာ……….ကျွန်တော် ခရီးဆက်ခဲ့ပါသည်…………
ကျွန်တော် ပင်လယ်ထဲသို့လည်း သွားသည်…. တောင်တန်းတွေပေါ်လည်း ခရီးဆက်သည်…..ဒုက္ခဆိုသော အရာနှင့် ရင်ဆိုင်နေရသူများရှိရာကို ကျွန်တော် လေလွင့်သည်………..
ငှက်တွေပင်တောင်မှ သူတို့ အသိုက်အမြုံရှိရာသို့ ပြန်လာတတ်ကြသည်။ ကျွန်တော်သည်လည်း လေလွင့်ငှက်ဆိုပေမယ့် ကျွန်တော့်မောပန်းလာသည့်အခါတိုင်းတွင် ကျွန်တော် အသိုက်ကလေးရှိရာ အညာမြို့ကလေးသို့ ပြန်လာဖြစ်ခဲ့သည်………………….
ကျွန်တော့်အသိုက်ကလေးသို့ ကျွန်တော် ပြန်ရောက်လာစဉ် ကျွန်တော့် အသိုက်ကလေးထဲတွင် သူမသည် ရောက်ရှိနေပါသည်…………သူမသည် ကျွန်တော့်တို့ အသိုက်ကလေးထဲ့သို့ အလည်လာသည်မဟုတ်……ကျွန်တော်တို့နဲ့ အတူတူ အသိုက်ယက်လုပ် တေလေငှက် အုပ်စုဝင်ထဲတွင် ၀ိုင်းကူနေရှာသည်…………….မကြာမှီ သူမသည် ကျွန်တော်တို့ အုပ်စုဝင် ဖြစ်လာခဲ့သည်
တေလေငှက် ကျွန်တော် ခြေချုပ်မိပေပြီ…………..ဒီအသိုက်မှ လွဲပြီး ဘယ်ကိုမှ မခွာချင်………အသိုက်ကလေးထဲတွင် ပျော်ရွှင်စွာ နေလိုသည်…..ဒီအသိုက်ကလေးထဲတွင် နွေးထွေးစွာ ပျော်ရွှင်လိုသည်…………….
သူမသည် အသိုက်ကလေးကို လှပစေချင်သူဖြစ်သည်…….ကျွန်တော်သည် သူမကို လှပစေချင်သူဖြစ်သည်…
ကျွန်တော့်အသိုက်ကလေးကို ၀ိုင်းဝန်းကူညီသူ သူမကို ကျွန်တော် ချစ်မိပေပြီ………….
အသိုက်ကလေးထဲတွင် တေလေငှက်ငယ်တို့ ဆူညံသွားပေပြီ…………..
ကျွန်တော် ၀မ်းနည်းမိပေပြီ…………….ကျွန်တော်ကြောင့် အသိုက်ကလေးထဲတွင် ဆူညံသံလေးများ ဆူညံလာသောကြောင့် ဖြစ်သည်။ ဒီအသိုက်ကလေးသည် ကျွန်တော့်လို တေလေငှက်လေးများ၏ တခုတည်းသော နားခိုရာဖြစ်သည်…..
သည်နေရာလေးကို ကျွန်တော့်ကြောင့် မဆူညံစေလိုပါ………………….ကျန် တေလေငှက်ကလေးများ၏ ပျော်ရွှင်မူကိုလည်း ကျွန်တော့်ကြောင့် သောက မဖြစ်စေလိုပါ………………..
ထို့ကြောင့်………ကျွန်တော် ခင်တွယ်ရာ အသိုက်ကလေးကို စွန့်ခွာကာ ကျွန်တော် အဝေးဆုံးသို့ ပြန်လည် ထွက်ခွာလာခဲ့မိပါသည်……………ကျွန်တော် မှတ်ယူထားသည်က ဒီတခါ အဝေးဆုံးကိုပေါ့လို့……….
ခက်ပေပြီ………….တေလေငှက် ကျွန်တော်အတွက် ခက်ပေပြီ…………
ကျွန်တော် ပျံသန်းရသည်မှာ ဟို အရင်ကလို မသွက်လက်တော့……….
လေပြင်းတိုက်လျှင် ယခင်က ပျော်ရွှင်စွာ ပျံသန်းတတ်သော ကျွန်တော်…………
အခုတော့ လေပြည်မှာတင် မောပန်းနေတတ်ခဲ့ပြီ……………….ကျွန်တော့် အမြင့်ဆုံးသို့ ပျံသန်းဖို့ အားတင်ထားပေမယ့် ကျွန်တော့် စိတ်အာရုံတို့သည် ကျွန်တော် ပျံသန်းခြင်းတွင် မရှိ……………ထို့ကြောင့်
ကျွန်တော်…..အသိုက်ကလေးရှိရာသို့ ကျွန်တော်ပြန်လာခဲ့ပါသည်……………….
မိုးစက်ကလေးများနဲ့ အတူတူ ကျွန်တော် ပြန်လာခဲ့ပါသည်………လေပြည်လေညှင်းတို့နဲ့ အတူတူ ကျွန်တော် ပြန်လာခဲ့ပါသည်…………………
ယခုတခေါက် သူမကို တွေ့ရသည်မှာ ယခင်ကလို ဆယ်တန်းအောင်ကာစ ကလေးလေး တယောက်မဟုတ်တော့……………
ယခင်ကလို့ လူချစ်လူခင် ပေါရုံမျှ မကတော့ပေ……….သူမကို လိုချင်သူအချို့……….ရှိနေပေပြီ………..
သို့အတွက်……..ကျွန်တော် စိတ်ပူရသည်……ကျွန်တော် သ၀န်တိုရသည်…….ကျွန်တော် စိတ်ညစ်ရသည်……
နောက်….ကျွန်တော် ခံစားခဲ့ရသည်……………………..
အင်း………ခံစားခဲ့ရသည် ထင်ပါသည်………………..အင်း သေချာလောက်ပါသည်
သူမသည် ယခုမှပင် ပိုမိုပျော်ရွှင်လာသည်ထင်သည်….ပိုမိုလွတ်လပ်လာသည်……..လွတ်လပ်မူကို ပိုမို လိုချင်လာသည်…………ကျွန်တော် မကြိုက်ပါ………….ကျွန်တော် မကြိုက်ကြောင်းကိုလည်း ပြောပါသည်……..
ကျွန်တော့်သိပ်ချစ်သော သူမကို လွတ်လပ်မူကို တပ်မက်သူ တစ်ယောက်ထက် လွတ်လပ်မှုကို မြတ်နိုးသူ၊ တန်ဖိုးထားသူ လောကကြီးအကြောင်းကို လေ့လာလိုသူ တစ်ယောက်အဖြစ်သာ ကျွန်တော်ဖြစ်စေချင်သည်………
သူမပျော်သည်ကို ကျွန်တော် မတားလိုပါ……မတားမြစ်ပါ………..တားမြစ်ခွင့်လည်း ကျွန်တော့်မှာ မရှိပါ……
သူမ မကြာခဏ သုံးတတ်သည် စကားတခွန်းလိုပင်………
သူမနှင့် ကျွန်တော်သည် ဘာမှ မဆိုင်ပါ…………..ဟုတ်ပါသည်…….သူမအတွက် ကျွန်တော်သည် လုံးဝ မဆိုင်ပါ….တစုံတရာလည်း မဟုတ်ပါ……..တစုံတယောက်လည်း မဟုတ်ပါ…….သူမအတွက် ကျွန်တော်သည် ဘာမှ မဟုတ်ပါ…..ဘာကောင်မှလည်း မဟုတ်ပါ…………….သူမရဲ့ ပျက်သွားသော ဖိနပ်တရံလောက်တောင် သူမ ကျွန်တော့် အပေါ် သံယောဇဉ် မရှိပါ………….သို့မဟုတ်….မရှိဟု ကျွန်တော် ထင်ပါသည်………….
သူမ၏ သံယောဇဉ်ကို ကျွန်တော် သိပါသည်……….
ကျွန်တော် သိသည်ဟု ထင်ပါသည်……သိသောကြောင့် ကျွန်တော် ခံစားရပါသည်…………….
လူတိုင်းတွင် ……ခံယူချက် တခုရှိကြပါသည်………..
ကျွန်တော်သည် သူမကို ချစ်သော်လည်း………သူများချစ်ခြင်းကို ခွဲခွာစေသည် လူတစ်ယောက် မဟုတ်ပါ……….
လူတိုင်းကို ကျွန်တော့်လို မခံစားစေလိုပါ…..အထူးသဖြင့်…….ချစ်သူများကို မည်သည့်အခါမျှ မဝေးစေလိုပါ…..
ချစ်သူတိုင်း အတူတူနေရသည့် အဖြစ်ကိုပဲ အမြဲလိုချင်ခဲ့သူ တစ်ယောက်ဖြစ်ပါသည်……………..
သူမဆီမှ ထိုသတင်းကြား ကြားရချင်း ကျွန်တော် မယုံပါ…………
အရာအားလုံး …….လူတိုင်းက ကျွန်တော့်ကို စနေသည်လို့ပဲ ထင်ပါသည်………….ကျွန်တော် ယုံလည်း မယုံရဲပါ…………..ယုံလည်း မယုံချင်ပါ………….
သူမ ကျွန်တော့်ကို မချစ်ဘူးဆိုရင်တောင်မှ သူမကို ချစ်နေသည့် အချစ်ကလေးဖြင့် ကျွန်တော် အရာရာကို ကျေနပ်နေမိပါသည်…………သူမကို ချစ်သည့် အချစ်တခုတည်းနဲ့ ကျွန်တော်သည် နေ့ပေါင်းများစွာ…ရက်ပေါင်းများစွာကို ကျော်ဖြတ်နိုင်ခဲ့ပါသည်………….
သို့သော် သူမတွင် ချစ်သူရှိနေသည်ဆိုပါက ကျွန်တော် သူမကို ဆက်ချစ်ဖို့ လုံးဝ မဖြစ်နိုင်တော့ပါ…………..
ချစ်သူရည်းစား ရှိသော မိန်းကလေးတစ်ယောက်ကို ဆက်ချစ်ဖို့ ကျွန်တော့် အသိစိတ်က လုံးဝ ခွင့်မပြုပါ………
လူတိုင်း……လူတိုင်း လိုက်နာသင့်သည့် လူကျင့်ဝတ်တခုဟု ကျွန်တော် စွဲမြဲစွာ ယုံကြည်ထားသည်။
ထို့ကြောင့်…………..သူမတွင် ချစ်သူ ရှိသည်ဟု သူမ နုတ်ဖျားမှ စကားထွက်ပေါ်လာသည်အထိ ကျွန်တော် မယုံဘူးဟု စိတ်ထဲတွင် မှတ်ယူလာခဲ့မိပါသည်…………
သို့သော်……….
နောက်ပိုင်း သူမသည် ကျွန်တော့်အပေါ် ယခင်ကထက် ပိုပြီး သူစိမ်းဆန်လာသည်ဟု ကျွန်တော် ခံစားမိလာသည်……….သူမ၏ အပြုအမူ ……သူမ၏ အပြောအဆိုများသည်………….ဟိုတချိန်က
ကျွန်တော် ယစ်မူးခဲ့သော ဆယ်တန်းအောင်ကာစ ကောင်မလေးအဖြစ်မှ တဖြည်းဖြည်းသွေဖယ်လာသည်…………..
ကျွန်တော် ၀မ်းနည်းမိပါသည်…….နောက်ဆုံးတွင်တော့ ကျွန်တော် အရှိတရားကို လက်ခံလိုက်ရပါတော့သည်
ရင်နင့်ကျေကွဲစွာ လက်ခံလိုက်ရပါတော့သည်………….သူမ နင်းလျှောက်သွားတဲ့ ခြေလမ်းတိုင်းမှာ ကျွန်တော့် နှလုံးသားက တံတားခင်းပေးရင်းပေါ့..........
အရာရာတိုင်းသည် ထုံးစံအတိုင်းပင် ဖြစ်ပွားခဲ့ပါသည်……….
သူမသည် သူမဘ၀ သူမလမ်းကို လွတ်လပ်စွာ ရွေးချယ်လိုက်ပါသည်…………သူမ၏ ရွေးချယ်မူတွင် ကျွန်တော် ခံစားမူအားလုံး တံတားထိုးမိသည်ကို သူမ မသိပါ….သိစရာလည်း မလိုပါ………………….
သူမသည်……..သူမလိုချင်သည့် ပုံစံအတိုင်း သူမနေချင်သည့် အခြေအနေအတိုင်း သူမ ဆက်လက်ထွက်ခွာသည်။
ကျွန်တော်လည်း အသိုက်ကလေးကို ခဏထားကာ တေလေငှက်တို့ ထုံးစံအတိုင်း ဆက်လက်ထွက်ခွာလာမိခဲ့သည်………………………..
ကျွန်တော် ခရီးဆက်လက်ထွက်ခွာရဦးမည်……….လောကကြီးအကြောင်း….လူတွေအကြောင်း…..ကမ္ဘာနိုင်ငံရေးအကြောင်း……….သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း……အသိုက်ထဲတွင် ကျန်နေခဲ့သော တေလေငှက်ငယ်များအတွက် သူတို့ကို ပြန်လည်ပြောပြဖို့………သူတို့ ကြိုးစားချင်စိတ်ပေါ်လာအောင်…………..သူတို့အတွက် အမြဲပျံသန်းနေသာ ငှက်တစ်ကောင်ဖြစ်ဖို့.........ကျွန်တော် ခရီးဆက်ပါဦးမည်………..
ကျွန်တော် အမြင့်ဆုံးသို့ ရောက်အောင် ပျံသန်းပါမည်
ကျွန်တော်ပျံသန်းရာ လမ်းတလျှောက်တွင် စမ်းရေလည်း ရှိချင်မှ ရှိမည်…..ပန်းတွေလည်း ပွင့်ချင်မှ ပွင့်မည်.....
လ သာချင်သာမည်……….လေ တိုက်ချင်တိုက်မည်………မိုးရွာချင်ရွာမည်……….
သို့သော် …….. ကျွန်တော် ဆက်လက်ပျံသန်းပါမည်………..
ကျွန်တော့် ရင်ထဲတွင်တော့…..တချိန်က တေလေငှက်သိုက်ငယ်အတွင်းက အိပ်မက်များကတော့ ပါလာခဲ့ပါသည်………….
၎င်းအိမ်မက်များကတော့ မည်သည့်အခါမှ ခြောက်ခန်းသွားမည် မဟုတ်ပါ....
အိပ်မက်များနှင့်အတူ ခရီးနှင်ရင်း သူမနှင့် ဝေးရာသို့သာ............
မိုးစက်နွေ ( 9th batch)
တေလေငှက်ပုံပြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment